သြဂုတ်လ ဒုတိယပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ရောင်းဝယ်နေသော အသား/ငါး ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ ၃၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၄၄၀၀၀ ကျပ်၊ ကြက်သား CP (အကောင်လုံး) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ကြက်သား (ဗမာ) တစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ငါးကြင်းနီ တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ဟင်းငန်ငါး တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးဖယ်အသားခြစ် တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၄၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဆိတ်သား တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်မြင့်တက်ခဲ့ပြီး အမဲသား၊ ဝက်သား၊ ကြက်သား CP စသည့်ဈေးနှုန်း တို့မှာ ဈေးငြိမ်၍ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြင်း၊ ငါးဖယ်ခြစ်၊ ဟင်းငန်စသည့် ငါးအမျိုးမျိုးတို့သည် လည်း ယခင်လဈေးအတိုင်း အရောင်း အဝယ်ဖြစ်နေကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး